ဒီလို.. ဒီလို
ကျွန်တော်ငယ်ငယ်ထဲက ဓာတ်ပုံရိုက်တာကို တအားဝါသနာပါတယ်ဗျ။ ဒါပေမယ့် အခြေအနေအရ မရိုက်နိုင်ခဲ့ဘူး။ ခုတော့ ကင်မရာလေးတလုံး ၀ယ်နိုင်တဲ့ အချိန်ကနေစပြီး တွေ့ရာမြင်ရာ အကုန်လျှောက်ရိုက်ဖြစ်တယ်။ လမ်းဘေးမှာပေါက်နေတဲ့ အပင်လေးတွေ၊ ပန်းပွင့်လေးတွေကအစ တိမ်တွေ၊ လူတွေစသည်ဖြင့် မြင်မြင်လေရာကို လျှောက်ရိုက်တာ။ ရိုက်ပြီးတဲ့ ပုံလေးတွေကိုလည်း ကိုယ်တစ်ယောက်ထဲ ကြည့်ရုံနဲ့အားမရဘူး သူများတွေကိုလည်း ပြချင်တယ်ဗျာ။ တချို့ပုံလေးတွေကို သဘောကျလို့ ၀ယ်ချင်တယ်ဆိုရင်လည်း ရောင်းရတာပေါ့။ :D ( နောက်တာပါ )။ တကယ်လို့ ဒီပုံတွေထဲကနေ ကြိုက်တယ၊် လိုချင်တယ်ဆိုရင် လိုချင်တဲ့ ပုံရဲ့ ကောမန့်ထဲမှာ မေးလိပ်စာလေး ပေးခဲ့ပါ။ ဓာတ်ပုံ ပို့ပေးပါမယ်။
( ဒါပေမယ့် အသုံးပြုတဲ့ အခါမှာတော့ စီးပွားရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ reference လေးထည့်ပေးစေချင်ပါတယ်။ )
ဒီလိုနဲ့ ဒီဘလော့လေးကို ဒီနေ့(စက်တင်ဘာလ ၁၁ရက်၊ ၂၀၀၇) မှာ စတင်ဖန်တီးဖြစ်ခဲ့တယ်ဗျာ။
2 comments:
ငယ်ငယ်က မနက်ခင်း အကြောင်း စာစီစာကုံးထဲ ထည့်ရေးခဲ့တဲ့ ပုဇွန်ဆီရောင် သန်းတဲ့ အချိန်ဆိုတာ ဒါမျိုးပေါ့...။
ရန်ကုန်မှာဆိုရင်တော့ အဲဒီအရောင်ကို မမြင်ရနိုင်ဘူး ထင်တယ်နော်.. တိုက်တွေကွယ်နေလို့.. :D
Post a Comment