http://thantzawmin.blogspot.com/ View Blog photo world: January 2008

ဒီလို.. ဒီလို

ကျွန်တော်ငယ်ငယ်ထဲက ဓာတ်ပုံရိုက်တာကို တအားဝါသနာပါတယ်ဗျ။ ဒါပေမယ့် အခြေအနေအရ မရိုက်နိုင်ခဲ့ဘူး။ ခုတော့ ကင်မရာလေးတလုံး ၀ယ်နိုင်တဲ့ အချိန်ကနေစပြီး တွေ့ရာမြင်ရာ အကုန်လျှောက်ရိုက်ဖြစ်တယ်။ လမ်းဘေးမှာပေါက်နေတဲ့ အပင်လေးတွေ၊ ပန်းပွင့်လေးတွေကအစ တိမ်တွေ၊ လူတွေစသည်ဖြင့် မြင်မြင်လေရာကို လျှောက်ရိုက်တာ။ ရိုက်ပြီးတဲ့ ပုံလေးတွေကိုလည်း ကိုယ်တစ်ယောက်ထဲ ကြည့်ရုံနဲ့အားမရဘူး သူများတွေကိုလည်း ပြချင်တယ်ဗျာ။ တချို့ပုံလေးတွေကို သဘောကျလို့ ၀ယ်ချင်တယ်ဆိုရင်လည်း ရောင်းရတာပေါ့။ :D ( နောက်တာပါ )။ တကယ်လို့ ဒီပုံတွေထဲကနေ ကြိုက်တယ၊် လိုချင်တယ်ဆိုရင် လိုချင်တဲ့ ပုံရဲ့ ကောမန့်ထဲမှာ မေးလိပ်စာလေး ပေးခဲ့ပါ။ ဓာတ်ပုံ ပို့ပေးပါမယ်။
( ဒါပေမယ့် အသုံးပြုတဲ့ အခါမှာတော့ စီးပွားရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ reference လေးထည့်ပေးစေချင်ပါတယ်။ )


ဒီလိုနဲ့ ဒီဘလော့လေးကို ဒီနေ့(စက်တင်ဘာလ ၁၁ရက်၊ ၂၀၀၇) မှာ စတင်ဖန်တီးဖြစ်ခဲ့တယ်ဗျာ။

Wednesday, January 30, 2008

who say 'the sky is blue' ?



အချိန်တိုင်းမှာ အရာရာပြောင်းလဲနေတဲ့ လောကကြီးအကြောင်းကို ကြားဖူးနေပေမယ့်.....

ပုံသွင်းခြင်း...


အိုးဆရာတစ်ယောက်က သူရဲ့ အိုးကို သူ့စိတ်ကြိုက် ပုံပေါ်လာအောင် သူကိုယ်တိုင် ပုံသွင်းနိုင်ဖို့အတွက် သူ့ရဲ့လုံလ၊၀ီရိယ အပြင် မြေစေးရဲ့ အရေအသွေးလည်း လိုသေးတယ်လေ.....

i'm not lonely


ကြယ်ကလေးရေ...
ငါ တစ်ယောက်ထဲ အထီးကျန် ညတွေထဲမှာ...
အဝေးက မင်းရဲ့ အလင်းရောင်လေးကို မြင်နေခွင့်ရှိသေးတဲ့အတွက်...
ငါ.... ဖြေသိမ့်နိုင်ပါတယ်လေ...။

Tuesday, January 29, 2008

who am i?

အိပ်နေတယ်နော်.... လာမရှုပ်နဲ့.. :P



တွံ့တေးမြို့ လေးမျက်နှာဘုရားက မြွေကြီးတွေပါ.. စုစုပေါင်း ၅ကောင်ရှိပါတယ်.. ဘုရားဖူးတွေကလည်း အများကြီးပါပဲ ဒီကောင်တွေက သူတို့ဘာသာသူတို့ အေးအေးဆေးဆေးအိပ်နေကြတယ်။
ဒါနဲ့ တွံ့တေးကို ရောက်ရင် အဲ့ဒီကိုရောက်အောင်သွားကြဗျ... တော်တော်လေးကို သာသာယာယာရှိတယ်... လေးမျက်နှာကန်၊ မယ်တော်ဌာနဆိုလား ကွမ်ရင်မယ်တော်နဲ့ တခြားတရုပ်ဘိုးတော်ရုပ်ထုတွေ၊ ပြီးတော့ ဗောင်းတော်ချုပ်နဲ့လည်း တဆက်ထဲပဲဗျ...

Wednesday, January 23, 2008

remember night


တန်ဆောင်မုန်းလပြည့်ည ဒလမြို့ရွှေစာရံ ဘုရားပွဲက ရဟတ်တစ်ခု....
အဝေးက ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ အထီးကျန်လမင်း...
သြော်... တမ်းတခြင်းတွေနဲ့... လွမ်းမိတယ်... အပူအပင်ကင်းတဲ့ ကလေးဘ၀ကို........

Tuesday, January 22, 2008

ပြန်လာခဲ့ပါပြီ...

ဒီဘလော့လေးကို ပစ်ထားလိုက်တာလဲကြာပြီ....
ဘလော့တွေကို bagan က ဘန်းလိုက်ထဲက ဆိုပါတော့....
ပုံတွေတင်တာ ဆိုတော့ ပုံမှန်ထက် နည်းနည်း ပိုကြာတယ်လေ....
ဒီကြားထဲ... ကော်နက်ရှင်ကလည်းမကောင်း ဆိုတော့....
ဘန်းကျော်ပြီး တင်ဖို့က... အလုပ်တစ်ဖက်နဲ့ အဆင်မပြေဘူး....
....
အဲ့ဒီ အကြောင်းပြချက်တွေနဲ့ နားထားခဲ့တာ....
အခု အလုပ်မှာ internet connection ကို bagan ကနေ MPT ကို ပြောင်းယူလိုက်တယ်....
ဒီတော့ ကျွန်တော့်ရဲ့ ဒီဘလော့လေးကို proxy ကျော်စရာမလိုပဲ....
ဝင်လို့ရသွားပြီ....
ဒါနဲ့....
ပုံလေးတွေ ပြန်တင်မလားလို့....

----------
သန့်ဇော်မင်း
ပထမဆုံး... ပိုဒ့်တစ်ခုလောက် အစမ်းတင်ကြည့်တာပါ....