http://thantzawmin.blogspot.com/ View Blog photo world: အိပ်နေတယ်နော်.... လာမရှုပ်နဲ့.. :P

ဒီလို.. ဒီလို

ကျွန်တော်ငယ်ငယ်ထဲက ဓာတ်ပုံရိုက်တာကို တအားဝါသနာပါတယ်ဗျ။ ဒါပေမယ့် အခြေအနေအရ မရိုက်နိုင်ခဲ့ဘူး။ ခုတော့ ကင်မရာလေးတလုံး ၀ယ်နိုင်တဲ့ အချိန်ကနေစပြီး တွေ့ရာမြင်ရာ အကုန်လျှောက်ရိုက်ဖြစ်တယ်။ လမ်းဘေးမှာပေါက်နေတဲ့ အပင်လေးတွေ၊ ပန်းပွင့်လေးတွေကအစ တိမ်တွေ၊ လူတွေစသည်ဖြင့် မြင်မြင်လေရာကို လျှောက်ရိုက်တာ။ ရိုက်ပြီးတဲ့ ပုံလေးတွေကိုလည်း ကိုယ်တစ်ယောက်ထဲ ကြည့်ရုံနဲ့အားမရဘူး သူများတွေကိုလည်း ပြချင်တယ်ဗျာ။ တချို့ပုံလေးတွေကို သဘောကျလို့ ၀ယ်ချင်တယ်ဆိုရင်လည်း ရောင်းရတာပေါ့။ :D ( နောက်တာပါ )။ တကယ်လို့ ဒီပုံတွေထဲကနေ ကြိုက်တယ၊် လိုချင်တယ်ဆိုရင် လိုချင်တဲ့ ပုံရဲ့ ကောမန့်ထဲမှာ မေးလိပ်စာလေး ပေးခဲ့ပါ။ ဓာတ်ပုံ ပို့ပေးပါမယ်။
( ဒါပေမယ့် အသုံးပြုတဲ့ အခါမှာတော့ စီးပွားရေးနဲ့ မသက်ဆိုင်တဲ့ နေရာတွေမှာပဲ သုံးစေချင်ပါတယ်။ ဖြစ်နိုင်ရင်တော့ reference လေးထည့်ပေးစေချင်ပါတယ်။ )


ဒီလိုနဲ့ ဒီဘလော့လေးကို ဒီနေ့(စက်တင်ဘာလ ၁၁ရက်၊ ၂၀၀၇) မှာ စတင်ဖန်တီးဖြစ်ခဲ့တယ်ဗျာ။

Tuesday, January 29, 2008

အိပ်နေတယ်နော်.... လာမရှုပ်နဲ့.. :P



တွံ့တေးမြို့ လေးမျက်နှာဘုရားက မြွေကြီးတွေပါ.. စုစုပေါင်း ၅ကောင်ရှိပါတယ်.. ဘုရားဖူးတွေကလည်း အများကြီးပါပဲ ဒီကောင်တွေက သူတို့ဘာသာသူတို့ အေးအေးဆေးဆေးအိပ်နေကြတယ်။
ဒါနဲ့ တွံ့တေးကို ရောက်ရင် အဲ့ဒီကိုရောက်အောင်သွားကြဗျ... တော်တော်လေးကို သာသာယာယာရှိတယ်... လေးမျက်နှာကန်၊ မယ်တော်ဌာနဆိုလား ကွမ်ရင်မယ်တော်နဲ့ တခြားတရုပ်ဘိုးတော်ရုပ်ထုတွေ၊ ပြီးတော့ ဗောင်းတော်ချုပ်နဲ့လည်း တဆက်ထဲပဲဗျ...

No comments: