မမလေးက တက်ပါသည်.. ဘ၀လက်တွဲ့ဖေါ်အတွက် ကန့်သက်ချက်လေးတွေကို ရေးပါတဲ့။ ဘ၀ဆိုတာက လိုချင်တာ ဖြစ်ချင်တာတွေ ဖြစ်လေ့ဖြစ်ထ သိပ်မရှိတာမို့ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်မှာ ဘယ်လိုအချက်တွေ ရှိရမယ် ဆိုပြီး သက်မှတ်မထားဖူးပါဘူး။ အခုရေးမယ်ဆိုမှ စဉ်းစားပြီး စိတ်ထဲမှာ လိုချင်တဲ့ ဟာလေးတွေကို ရေးလိုက်တယ်နော်...။
လိုချင်တဲ့ အချက်လေးတွေကတော့...
- ဗုဒ္ဓဘာသာကို ယုံကြည့်ကိုးကွယ်ပြီး ကံငါးပါးကို စောင့်ထိန်းချင်စိတ်ရှိ၍ စိတ်နှလုံးဖြူစင်သူ...
- ကျွန်တော့်ကို ချစ်မြတ်နိုးပြီး အရာရာနားလည်ခွင့်လွှတ်နိုင်သူ...
- ကျွန်တော့်မိသားစု(မေမေ)နှင့် ချစ်ချစ်ခင်ခင် အဆင်ပြေအောင် နေနိုင်သူ... (အရေးကြီးပါသည်: သားအမိ ၂ဦးသာရှိသောကြောင့် အလိမ္မာ အိမ်ပါ သမီးချွေးမ ဖြစ်ရပါမည်)
- မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဘ၀လမ်းကို တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင် လျှောက်နိုင်သူ...
- ရုပ်ရည်၊ ပညာ၊ အသိဥာဏ် နှင့် ဥစ္စာ တို့တွင် ကျွန်တော်နှင့် မကွာလွန်းသူ...
မကြိုက်ဆုံးအချက်တွေကတော့...
- လိုချင်ဆန္ဒများလွန်းခြင်း... (သမ္မာလောဘကို မဆိုလို)
- ငြီးငြူလွန်းခြင်း...
- အတင်းပြောခြင်း...
- လိမ်ပြောတက်ခြင်း...
ကျွန်တော်ပြန်ပေးနိုင်တဲ့ အချက်တွေ
- အပေါ်က အချက်တွေ အားလုံးကို ကျွန်တော်ဖက်က ကြည့်ကြည့်ဖြူဖြူ ပေးအပ်နိုင်ပါတယ်။
- ဆံထုံးနောက် ယောင်ပါ မလုပ်နိုင်တာက လွဲလို့ သူ့မိဘ အပေါ်မှာ သားသမက်ဖြစ်စေရပါမည်။
လိုချင်တာတွေ သိပ်မများဘူးလို့တော့ ထင်ပါတယ်... နော်.. :)
Wednesday, February 6, 2008
Subscribe to:
Post Comments (Atom)
2 comments:
အောင်မလေး..ကြိုက်တတ်ပါပေ့....နှင်းဝံပုလွေရယ်...။
ဆန္ဒတွေ ပြည့်ပါစေလို့ ဆုတောင်းပေးပါတယ်..ကိုသန့်ရေ...။
ပေးတဲ့ဆုနဲ့ တလုံးတ၀ ပြည့်ရပါလို၏.. :D
Post a Comment