ဒါဘာပန်းလေးလဲ...
ကျွန်တော် မသိပါဘူး။ ပန်းပင်လေးက မြေစိုက်ပန်းလေးပါ။ အပင်အမြင့်က မြေကြီးကနေ အဖျားအထိ ၂ပေ မကျော်ပါဘူး။ သူ့အရွက်လေးတွေက ကတ္တီပါသားလို နူးညံ့ပါတယ်။ အမွေးနုလေးတွေပါတယ်လေ။ အရောင်က နှစ်ရောင်၊ အပေါ်ဖက်က အစိမ်းရောင်၊ အရွက်အောက်ခြမ်းက အနီမှိုင်းမှိုင်းပါ။ ပန်းပွင့်ရင် အဆုပ်လိုက်ပွင့်လေ့ရှိပါတယ်။ အပွင့်ကလည်း နှစ်ထပ်ပွင့်တယ်။ အနီရောင်ပွင့်အိမ်ပေါ်မှာ မှ အ၀ါရောင် ပွင့်ဖတ်လေးတွေ ထပ်ပြီးပွင့်တာ။ တအားကိုလှပါတယ်။ ပွင့်ဖတ်လေးတွေက တစ်ပတ်လောက်ကြာရင် ကြွေသွားပြီး အနီရောင် ပွင့်အိမ်ပဲကျန်နေခဲ့ပါတယ်။ အဲ့ဒီပွင့်အိမ်ကတော့ အကြာကြီးခံပါတယ်။ ၁၂ရာသီလုံးပွင့်ပါတယ်။ အစိမ်းရောင်အရွက်ပေါ်မှာ အနီရောင်စိုစိုပွင့်အိမ်လေးနဲ့ အ၀ါရောင်ပွင့်ဖတ်လေး ပွင့်နေပုံက တကယ့်ကို လှလွန်းပါတယ်။ ကျွန်တော်ရိုက်တဲ့ အချိန်မှာ ပွင့်ဖတ်တချို့ပဲ ကျန်တော့ပါတယ်။
Technorati Tags: yellow, red, flower, beauty
2 comments:
ဒီပန်းလေးလဲ ကြိုက်တယ်...
တစ်ခါမှမမြင်ဘူးဘူး။
ဒါဘာပန်းလဲ မသိဘူးလား..။ မိခင်နဲ့ ကလေး အရောင်လေ… မိခင်နဲ့ ကလေးပန်းပေါ့ …။အနီဝတ်တာကလဲ ဟိုအဖွဲ့ လေ…နာမည်မေ့နေတယ်… အဲဒါ..အဲဒီ အဖွဲ့ နာမည်ပေးလိုက်…။
Post a Comment