စင်ရော် လေးတွေပါ... ဆောင်းဦးပေါက်လောက်မှာ ရန်ကုန်မြစ်ထဲကို စတင်ရောက်လာလေ့ရှိပြီး ။ မိုးကျတဲ့အချိန်မှ ပြန်ပြီးခရီးထွက်သွားလေ့ရှိပါတယ်။ ရန်ကုန်မြစ်ထဲက လှေတွေ၊ သမ္မာန်တွေ၊ သင်္ဘောတွေပေါ်က လူတွေပစ်ကျွေးတဲ့ အစားအစာတွေကို ရေပေါ်မကျခင် မိအောင်ဖမ်းလို့ ပညာစွမ်းပြနေကြတာပေါ။ ကျွန်တော်ငယ်ငယ်ကဆို ရန်ကုန်-ဒလကူးတို့ သင်္ဘောပေါ်ကနေ စင်ရော်စာ စာလေးခွေပစ်ကျွေးရတာကို တအားပျော်တာ။ အခုလည်းကျွေးလို့ ရပါတယ်။ စာလေးခွေတို့ ဘယာကြော်လေးတွေတို့ ဆို ဒီကောင်တွေ အကြိုက်ပေါ့။ ပြောင်းဖူးလည်းစားတာပဲ။ သူတို့ရဲ့ တောင်ပံလေးတွေက တအားထူးဆန်းတယ် ရေမစို၊ ရေမတင်ဘူး။ ရေထဲမှာလည်း လှိုင်းစီးနိုင်တယ်။


Technorati Tags: animal, flying, seagull, eating time, on the sky, blue sky
2 comments:
ဝေဟင်ပေါ်
ငွေစင်ရော်တွေ ပျော်ပါး...
ရေပြင်ပျော်
တောင်ပံပေါ် ဆော့ကစား ...
ဟေ့...ဟေ့
သမ္မာန်ထက်က ခရီးသွား
စာကလေးခွေလေး
ကျွေးပါလား...။
စာလေးခွေကရှိတော့ဝူး
စားပလိုက်ပီ.... :P
မမလေးတို့များတော်လိုက်တာ
ကျွန်တော်ဆို ကဗျာတပုဒ်စပ်ဖို့ သေလုအောင်စဉ်းစားရတာ... :)
Post a Comment