Friday, February 29, 2008
Wednesday, February 27, 2008
Tuesday, February 26, 2008
ပြုပြင်ခြင်း
Wednesday, February 20, 2008
Tuesday, February 19, 2008
Monday, February 18, 2008
Friday, February 15, 2008
Wednesday, February 13, 2008
ကြည့်လိုက်ရတဲ့ ခြင်္သေ့နဲ့ နဂါး

တနင်္ဂနွေနေ့ စာသင်နေတဲ့ ၁၅လမ်းက ကွန်ပျူတာစင်တာမှာ နဂါးရယ်၊ ခြင်္သေ့ရယ် လာကကြတယ်။ ကတာကြည့်ချင်နေတာကြာပြီ။ အခွင့်ကို မကြုံဖူး ဖြစ်နေတာ။ အခုတော့ အတော်ပဲဖြစ်သွားတာပေါ့။ ဒါပေမယ့် ကိုယ်ကြည့်ဖူးတဲ့ တရုတ်ကားတွေထဲမှာ ကတာတွေလောက် မလှဘူးနော်။ :D နေရာ နည်းနည်းကျဉ်းတာလဲပါတယ်။ ပြိုင်ပွဲမှာဆိုရင်တော့ တော်တော်လှမယ် ထင်တယ်။ စဥ့်အိုးတန်းထဲက ပြိုင်ပွဲကို တအားကို ကြည့်ချင်နေတာ။ ကိုယ်က ပြန်ရမယ့်အချိန်နဲ့ ဆိုတော့ ကြည့်ဖို့ အဆင်မပြေဖူး။
Monday, February 11, 2008
Saturday, February 9, 2008
ဝမ်းစာ

ကြည့်မြင်တိုင်မြို့နယ်၊ သိရီမင်္ဂလာဈေးရဲ့ ရှေမျက်စေါင်းထိုးနားမှာ ရေဆိုးမြောင်းကြီး တစ်ခုရှိတယ်။ အနီးပတ်ဝန်းကျင် အိမ်တွေ၊ စက်ရုံတွေရဲ့ အမှိုက်စွန့်ပစ်ရာ အဓိကနေရာကြီးပေါ့။ သူက ရန်ကုန်မြစ်ထဲကို စီးဝင်တယ်။ အဲ့ဒီမြောင်းထဲမှာ စက်ရုံ၊ အလုပ်ရုံတွေက ပစ်လိုက်တဲ့ သံတိုသံစသံမှုန့်တွေကို ရှာဖွေ၊ ကောက်ယူနေကြတဲ့ မိသားစုတစ်ခုပါ။ တစ်ခါတစ်လေဆို ကလေးလေးတွေပါ ပါတယ်။ ၀မ်းစာအတွက်ပေါ့ဗျာ...
Friday, February 8, 2008
Thursday, February 7, 2008
Wednesday, February 6, 2008
အိမ်မက်ထဲက သတို့သမီး...
မမလေးက တက်ပါသည်.. ဘ၀လက်တွဲ့ဖေါ်အတွက် ကန့်သက်ချက်လေးတွေကို ရေးပါတဲ့။ ဘ၀ဆိုတာက လိုချင်တာ ဖြစ်ချင်တာတွေ ဖြစ်လေ့ဖြစ်ထ သိပ်မရှိတာမို့ ကိုယ့်ဘ၀ရဲ့ လက်တွဲဖော်မှာ ဘယ်လိုအချက်တွေ ရှိရမယ် ဆိုပြီး သက်မှတ်မထားဖူးပါဘူး။ အခုရေးမယ်ဆိုမှ စဉ်းစားပြီး စိတ်ထဲမှာ လိုချင်တဲ့ ဟာလေးတွေကို ရေးလိုက်တယ်နော်...။
လိုချင်တဲ့ အချက်လေးတွေကတော့...
- ဗုဒ္ဓဘာသာကို ယုံကြည့်ကိုးကွယ်ပြီး ကံငါးပါးကို စောင့်ထိန်းချင်စိတ်ရှိ၍ စိတ်နှလုံးဖြူစင်သူ...
- ကျွန်တော့်ကို ချစ်မြတ်နိုးပြီး အရာရာနားလည်ခွင့်လွှတ်နိုင်သူ...
- ကျွန်တော့်မိသားစု(မေမေ)နှင့် ချစ်ချစ်ခင်ခင် အဆင်ပြေအောင် နေနိုင်သူ... (အရေးကြီးပါသည်: သားအမိ ၂ဦးသာရှိသောကြောင့် အလိမ္မာ အိမ်ပါ သမီးချွေးမ ဖြစ်ရပါမည်)
- မောင်တစ်ထမ်း၊ မယ်တစ်ရွက် ဘ၀လမ်းကို တက်ညီလက်ညီ ပျော်ပျော်ရွှင်ရွှင် လျှောက်နိုင်သူ...
- ရုပ်ရည်၊ ပညာ၊ အသိဥာဏ် နှင့် ဥစ္စာ တို့တွင် ကျွန်တော်နှင့် မကွာလွန်းသူ...
မကြိုက်ဆုံးအချက်တွေကတော့...
- လိုချင်ဆန္ဒများလွန်းခြင်း... (သမ္မာလောဘကို မဆိုလို)
- ငြီးငြူလွန်းခြင်း...
- အတင်းပြောခြင်း...
- လိမ်ပြောတက်ခြင်း...
ကျွန်တော်ပြန်ပေးနိုင်တဲ့ အချက်တွေ
- အပေါ်က အချက်တွေ အားလုံးကို ကျွန်တော်ဖက်က ကြည့်ကြည့်ဖြူဖြူ ပေးအပ်နိုင်ပါတယ်။
- ဆံထုံးနောက် ယောင်ပါ မလုပ်နိုင်တာက လွဲလို့ သူ့မိဘ အပေါ်မှာ သားသမက်ဖြစ်စေရပါမည်။
လိုချင်တာတွေ သိပ်မများဘူးလို့တော့ ထင်ပါတယ်... နော်.. :)

ကိုနေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ် ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။
Tuesday, February 5, 2008
ကျောက်ထပ်ကြီးစေတီ

ကျောက်ထပ်ကြီးစေတီပါ...
ဘုရားကို ရွှေသင်္ကန်းကပ်ချင်တဲ့သူတွေအတွက် ဂေါပကအဖွဲ့မှာ လှူနိုင်ပါတယ်။ သက်မှက်ထားတဲ့ အရေအတွက်ပြည့်ရင် အမျိုးသားတစ်ဦးက စေတီပေါ်ကို ကြိမ်ကြိုးကနေတစ်ဆင့်ကူးသွားပြီး ကပ်လှူပေးပါတယ်။ ပြန်အဆင်းကို အခုမြင်နေရတဲ့ ကြိမ့်ကြိုးပေါ်ကနော် လျှောပြီး ဆင်းပြပါတယ်။ အသည်းယားစရာပါပဲ။ အလေ့အကျင့်ရှိပေမယ့် အဆင်မသင့်ရင် တော်တော်အန္တရာယ်များတဲ့ အလုပ်ပါ။ အလှူရှင်တွေကိုတော့ တော်တော်လေးကို စွဲဆောင်နိုင်ပါတယ်။

unknown flowers

ကျိုက်ထီးရိုးကနေ ကျောက်ထပ်ကြီးသွားတဲ့လမ်းမှာ ဒါမျိုးပန်းတွေ လမ်းတလျှောက်မှာ အများကြီးပဲ.. အဆုပ်လိုက်၊ အဆုပ်လိုက်ပွင့်နေတာ။ ဘာပန်းမှန်းတော့မသိဘူး။ လှတော့လှတယ်။

ဒီပန်းကပိုလှတယ်။ နောက်ပြီး နည်းနည်းရှားတယ်။ တစ်လမ်းလုံးမှာ ၂ ပွင့်ပဲတွေ့ခဲ့တယ်။ တခြားနေရာတွေမှာ ရှိသေးလားတော့ မပြောတက်ဘူး။
Subscribe to:
Posts (Atom)